TOOLS

သင့်ပရိသတ်များကို နားလည်ဖို့ရာ ခွဲခြမ်းစိတ်ဖြာမှုများကို အသုံးပြုရန်
သင့်အသိုင်းအဝိုင်းထဲကလူများအကြောင်းကို နားလည်ခြင်းဖြင့် သင့်အကြောင်းအရာကို သူတို့စိတ်ဝင်စားအောင် ချိန်ညှိရာတွင် သင့်အားအထောက်အကူဖြစ်စေခြင်းမှအစ သင်နှင့်ထိတွေ့မှုအရှိဆုံးလူကို ဦးစားပေးဖော်ပြခြင်းအဆုံး အကျိုးကျေးဇူးများစွာ ရရှိပါသည်။
လုံခြုံမှုရှိသော နေရာတစ်ခုဖြစ်အောင် ပျိုးထောင်ရန်
ပလက်ဖောင်းပေါ်တွင် လုံခြုံမှုသော နေရာတစ်ခုကို ဖန်တီးမှသာ လူအများပြန်လာကြမည်ဖြစ်သည်။ လုပ်ငန်းသုံး ဒက်ရှ်ဘုတ်မှတစ်ဆင့် မှတ်ချက်စိစစ်ရေးကိရိယာနှင့် ထိန်းချုပ်မှုစုစည်းချက်တစ်ခုကို အသုံးပြုနိုင်ပါသည်။
သင်၏ အမာခံအားပေးသူများကို သိရှိရန်
သင့်ပရိသတ်များက သင့်ကို အားပေးနေကြသည်၊ သူတို့အား အသိအမှတ်ပြုကြောင်းနှင့် မြင်တွေ့ကြောင်း ခံစားမိစေရန်မှာ အရေးကြီးပါသည်။ သင်နှင့်ထိတွေ့မှုအများဆုံးပရိသတ်များကို သိရှိဖော်ထုတ်ဖို့ရာ အမာခံပရိသတ် နှင့် ထင်ပေါ်လာသည့် ပရိသတ် စသည့် တံဆိပ် တို့ကို အသုံးပြုမှသာ သူတို့ကို သိရှိပြီး ထိုသူများနှင့် ထိတွေ့နိုင်ပါမည်။

သင့်ပရိသတ်နှင့် ချိတ်ဆက်ရေးမှာ Karim Jovian ၏ ဖန်တီးသူမဟာဗျူ၏ သော့ချက်တစ်ခုဖြစ်ပါသည်။ Facebook တွင် စောင့်ကြည့်သူ ၂.၃ သန်းကျော်အောင် သူကြိုးစားခဲ့ပုံကို လေ့လာပါ။
ဤသည်မှာ သင့်ပရိသတ်နှင့်ထိတွေ့ရန်အပြင် နောက်ထပ်အရာများကို သူတို့ပြန်လာကြည့်ရှုစေရန် အဓိပ္ပာယ်ပြည့်ဝသောနည်းများဖြစ်သည်။