TOOLS

Facebook တွင် စစ်မှန်သည့်ဖန်တီးသူများ ရှင်သန်နိုင်မည့်ပလက်ဖောင်းတစ်ခုကို ဖန်တီးရန် ကျွန်ုပ်တို့အမှန်တကယ်လုပ်ဆောင်လျက်ရှိပါသည်။ အမှိုက်စာများပါသော အကြောင်းအရာကို လျှော့ချရန်နှင့် ကြည့်ရှုမှုများတိုးမြှင့်ရန်၊ စောင့်ကြည့်သူအရေအတွက်ကို ပိုမိုမြန်ဆန်စွာ ရရှိစေရန် သို့မဟုတ် မရိုးသားသော ဝင်ငွေရှာခြင်းဆိုင်ရာ အားသာချက်များရရှိစေရန်အတွက် Facebook အယ်လ်ဂိုရစ်သမ်များကို အသုံးချပြီး လုပ်ဆောင်သည့် အကောင့်များကို စည်းကမ်းထိန်းသိမ်းဆောင်ရွက်ရန် ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့လုပ်ဆောင်နေသည့်အရာများကို ဤနေရာတွင် ကြည့်ရှုပါ။ သင့်ပရိသတ်များအတွက် အံ့ဩဖွယ်ကောင်းသော အကြောင်းအရာများ ဖန်တီးခြင်းကဲ့သို့သော အရေးအကြီးဆုံးအရာများအပေါ် သင့်အား အာရုံစိုက်နိုင်စေလိုပါသည်။ ဖန်တီးသူများကို ပံ့ပိုးကူညီပေးရန်အတွက် ကျွန်ုပ်တို့၏ ဆက်လက်ကြိုးပမ်းအားထုတ်မှုများ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် လူတိုင်းအတွက် သမာသမတ်ကျ၍ ပျော်ရွှင်ဖွယ်ကောင်းသော သက်ဝင်ခံစားမှုရရှိစေမည့် မူဝါဒများနှင့် လမ်းညွှန်ချက်များကို ကျွန်ုပ်တို့ ဖန်တီးရေးဆွဲထားပါသည်။ ဤလမ်းညွှန်ချက်များနှင့် သင့်ကိုယ်သင် ရင်းနှီးကျွမ်းဝင်လာစေခြင်းဖြင့် Facebook တွင် အောင်မြင်မှုရရှိရန် သင့်အကြောင်းအရာများကို အကောင်းဆုံးအသုံးချနိုင်လာပါလိမ့်မည်။