ကြေညာချက်များ

အမေရိကန်ပြည်ထောင်စုအတွင်းမှ ဒစ်ဂျစ်တယ်ဖန်တီးသူများအတွက် နှစ်စဉ်သွားရောက်စုရုံးရာဖြစ်သည့် VidCon ပွဲတော်၏ တစ်ဆယ့်သုံးကြိမ်မြောက် ပွဲအစီအစဉ်ကို ကယ်လီဖိုးနီးယားပြည်နယ် အန်နာဟိုင်မြို့တွင် စီစဉ်ကျင်းပခဲ့ပြီး Facebook အနေဖြင့် ဤပွဲတော်သို့ သွားရောက်ပါဝင်နိုင်ခဲ့သည့်အတွက် စိတ်လှုပ်ရှားမိပါသည်။
Facebook ဖန်တီးသူများ အချင်းချင်းနှီးနှောဖလှယ်နိုင်ပြီး Facebook အဖွဲ့ထံမှ Facebook အကြောင်း ပိုမိုလေ့လာနိုင်စေရန်အတွက် နွေးထွေးရင်းနှီးမှုကိုအားပေးသော ပျော်ရွှင်ဖွယ်ရာအချိန်လေးတစ်ခုကို ပွဲတော်အဖွင့်အစီအစဉ်အဖြစ် စီစဉ်ကျင်းပခဲ့ပါသည်။ ၎င်းပျော်ရွှင်ဖွယ်ရာအချိန်လေး၏ ရိုက်ကွင်းနောက်ကွယ်မှ မြင်ကွင်းများသို့ သွားချင်ပါသလား။ ကျွန်ုပ်တို့၏ ဤရက်သတ္တပတ်အတွက် ပြိုင်ဖက်ကင်းသော ဖန်တီးသူဖြစ်သည့် စီစဉ်တင်ဆက်သူ TuckerComedy ထံမှ ဤ Reels ဗီဒီယိုကို ကြည့်ရှုပါ။
Meta AI ကို စမ်းသပ်ခြင်းမှ အစပြုပြီး Ray-Ban Meta စမတ်မျက်မှန်များဖြင့် အကြောင်းအရာများကို ရိုက်ကူးခြင်းများအထိ အမျိုးမျိုးသောလှုပ်ရှားဆောင်ရွက်မှုများစွာ ပါဝင်သည့် ပွဲအစီအစဉ်ရေးဆွဲခြင်းနှင့် အပြန်အလှန်တုံ့ပြန်ဆောင်ရွက်ခြင်းတို့ဖြင့် ဤရက်သတ္တပတ်တာကို ဖန်တီးသူများက Instagram Creator Cafe တွင် စိတ်ကျေနပ်စွာအသုံးချခဲ့ကြပါသည်။
ဖန်တီးသူများသည် VidCon ၏ Creator Track ပွဲအစီအစဉ်၏ အစိတ်အပိုင်းအဖြစ် "Stand Out, Cash In: Building Your Creator Career on Facebook" (ထင်ပေါ်ခြင်း၊ ဝင်ငွေရရှိခြင်း - Facebook ပေါ်တွင် သင့် ဖန်တီးမှုဖြင့် အသက်မွေးဝမ်းကြောင်း တည်ဆောက်ခြင်း) ဟုခေါ်သော Facebook ဆွေးနွေးပွဲတစ်ခုသို့ တက်ရောက်ရန် အခွင့်အရေးရခဲ့ပါသည်။ ဉာဏ်စမ်းဂိမ်းရှိုးတစ်ခုအသွင်ဖန်တီးထားသည့် ဤအစီအစဉ်တွင် ဖန်တီးသူသုံးဦးကို ယှဉ်ပြိုင်သူများအဖြစ် တင်ဆက်ခဲ့ပါသည်။ ဖန်တီးသူများ အောင်မြင်နိုင်စေရန်နှင့် ဝင်ငွေရှာနိုင်စေရန်အတွက် Facebook မှ မည်သို့ကူညီပေးနိုင်ကြောင်း၊ ပလက်ဖောင်းနှင့်ပတ်သက်သည့် စိန်ခေါ်မှုရှိပြီးအဖြစ်များသော နားလည်မှုလွှဲခြင်းများအကြောင်းတို့ကို မျှဝေပေးခဲ့ပါသည်။ ဤအစီအစဉ်တွင် Facebook ၏ ဖန်တီးသူကိရိယာများသည် သန်းနှင့်ချီသော ပရိသတ်များထံသို့ ပျံ့နှံ့ရောက်ရှိခြင်း၊ ပရိသတ်အသိုင်းအဝိုင်း တည်ဆောက်ခြင်းနှင့် နည်းလမ်းအသစ်တို့ဖြင့် ဝင်ငွေရှာဖွေခြင်းအကြောင်းတို့ကို အဓိကထားပါသည်။ အောင်မြင်နေသည့်ဖန်တီးသူသုံးဦးဖြစ်သည့် Corey B၊ Gracia (MrChuy) နှင့် Becca Bastos တို့ကို တင်ဆက်ခြင်းဖြင့် ဤကိရိယာသည် ထင်ပေါ်နေစေရန်နှင့် ဝင်ငွေရရှိနိုင်စေရန်အတွက် သင့်အား အထောက်အကူပြုပေးနိုင်ကြောင်းကို လက်တွေ့ပြသခဲ့ပါသည်။
"Facebook ပေါ်မှာ အရာအားလုံးကနေ ဝင်ငွေရှာလို့ရတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ စာသားပို့စ်တွေနဲ့ အကြောင်းအရာမျိုးစုံကနေပေါ့။ ဒီနှစ်မတိုင်ခင်က ဒီအကြောင်းကို ကျွန်တော်မသိခဲ့ဘူး - အံ့ဩစရာကောင်းလိုက်တာ" - Corey B။ စာသားတွေ ဓာတ်ပုံပို့စ်တွေကနေ ဝင်ငွေရှာနိုင်ရန် Facebook ရဲ့ စွမ်းဆောင်ရည်ဆုကြေးအစီအစဉ်က ခွင့်ပြုထားသည်ကို လူအများက မသိကြပါ။ Facebook ပေါ်တွင် ဝင်ငွေရှာရန်အတွက် သင်သတ်မှတ်ချက် ပြည့်မီမှု ရှိ/မရှိကို စစ်ဆေးရန် ဤအဆင့်များကို လုပ်ဆောင်သွားပါ။
"Reels ပေါ်က ကြော်ငြာတွေက ကျွန်မအတွက် အံ့ဩစရာ ဖြစ်နေရပါပြီ။ အထူးသဖြင့် အောင်မြင်သွားတဲ့ ဗီဒီယိုတွေကနေ ကျွန်မရနေတဲ့ ဝင်ငွေပမာဏက အံ့ဩစရာပါ" - Becca Bastos။ Facebook Reels ပေါ်မှ ကြော်ငြာများသည် ဖိတ်ခေါ်ခံရသူများသာ ပါဝင်နိုင်သည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ လိုအပ်ချက်များကို စစ်ဆေးရန် ဤနေရာတွင် ကြည့်ပါ။
"Facebook ရဲ့ ဗီဒီယိုတွင်းကြော်ငြာက ကျွန်တော်ဟာသဖန်တီးတဲ့နည်းလမ်းကို ပြောင်းလဲစေခဲ့ပါတယ်။ ပိုရှည်တဲ့ ဟာသဗီဒီယိုတွေကို ကျွန်တော်စလုပ်နေပါပြီ၊ ပြီးတော့ ဒါက တကယ့်ကြီးမားတဲ့အောင်မြင်မှုပါ။" - Jesus Garcia။ သတ်မှတ်ချက်ပြည့်မီသည့် သင့်ဗီဒီယိုများထဲတွင် ကြော်ငြာတိုများ ထည့်သွင်းခြင်းဖြင့် ဗီဒီယိုတွင်း ကြော်ငြာဗီဒီယိုများသည် သင့်အား ဝင်ငွေရရှိစေပါသည်။ သတ်မှတ်ချက်ပြည့်မီမှုဆိုင်ရာ လိုအပ်ချက်များအကြောင်းကို ဤနေရာတွင် ပိုမိုလေ့လာပါ။
ဉာဏ်စမ်းဂိမ်းအစီအစဉ်၏ အကြောင်းအရာအကျဉ်းချုပ်ကို ကြည့်ရှုပါ။
၁
Facebook စတင်အသုံးပြုရန် အကြံပြုချက်များကို TuckerComedy က အခြားဖန်တီးသူများထံ မေးမြန်းပြီး ဖြေဆိုစေခဲ့ပါသည်။
၂
Corey B က သူ၏ Facebook အသိုင်းအဝိုင်းအား 8.4 သန်းသော ပရိသတ်အဖြစ်သို့ရောက်အောင် မည်သို့ပျိုးထောင်ခဲ့သည်ကို ကြည့်ရှု ပါ။
၃
Jesus Garcia က သူ့အတွက် သတ်မှတ်ချက်ပြည့်မီသည့် Facebook ဝင်ငွေရှာခြင်းအစီအစဉ်နှင့်ကိုက်ညီစေရန် သူ့အကြောင်းအရာအား သူမည်ကဲ့သို့ ပြောင်းလဲခဲ့သည်ကို လေ့လာပါ။
၄
Becca Bastos သည် ဟာသဖန်တီးသူအဖြစ် ယခုမှစတင်ခဲ့သူဖြစ်ပါသည်၊ ဤ ဖန်တီးသူထံမှ အကြံပြုချက်ကို နားထောင်ပါ။
၅
ထိတွေ့ပါဝင်မှုရှိသည့် ပရိသတ်လူမှုအဖွဲ့အစည်းတစ်ခု တည်ဆောက်ရေးအတွက် အကြောင်းအရာဆိုင် ဗျူဟာတစ်ခု မည်ကဲ့သို့တည်ဆောက်ရမည်ကို Kurt Tocci က ဆွေးနွေးခဲ့ပါသည်။
၆
Facebook ပေါ်တွင်သူ့အား ဖွံ့ဖြိုးစေရန် ကူညီပေးခဲ့သည့် ကိရိယာများအကြောင်ကို Josh Rincon က မျှဝေပါသည်။