TOOLS

ဖန်တီးသူ ဒက်ရှ်ဘုတ်

Facebook သည် သင့်အား စွမ်းဆောင်ရည်ကို နားလည်နိုင်စေရန်၊ ငွေရှာနိုင်စေရန်၊ ကြီးထွားတိုးတက်နိုင်စေရန် ကူညီပေးသည့် ဖန်တီးသူ ကိရိယာများနှင့် ရင်းမြစ်များအတွက် ပင်မနေရာဖြစ်သည်။

ဖန်တီးသူ ဒက်ရှ်ဘုတ်သည် Facebook တွင် သင်၏ ဖန်တီးသူ အတွေ့အကြုံကို မြှင့်တင်ပေးမည့် ကိရိယာများနှင် အရင်းမြစ်များအတွက် တစ်နေရာတည်းတွင် အစုံအလင်ရနိုင်သော နေရာဖြစ်သည်။


သင့်တွင် မိုဘိုင်းအက်ပ်နှင့် ကွန်ပျူတာနှစ်ခုစလုံး၌ စာမျက်နှာများ အသုံးပြုမှုပုံစံသစ်အတွင်း စာမျက်နှာတစ်ခုရှိပါက သို့မဟုတ် လုပ်ငန်းသုံး ပရိုဖိုင်တစ်ခုရှိပါက ဖန်တီးသူ ဒက်ရှ်ဘုတ်ကို အသုံးပြုနိုင်ပါသည်။
grayscale line drawing of a painter's palette

တိုးတက်အောင်ဆောင်ရွက်ခြင်း

Facebook တွင် သင့်ပန်းတိုင်များကို ရောက်ရှိရန်လည်းကောင်း၊ ဖန်တီးသူတစ်ဦးအဖြစ် အဆင့်တက်လှမ်းရန်လည်းကောင်း သင့်အား ကူညီပေးမည့် သော့ချက်ကျသောခြေလှမ်းများလှမ်းရင်း သင်၏တိုးတက်မှုကို ခြေရာခံပါ။

grayscale line drawing of a line graph showing growth

စွမ်းဆောင်ရည်ကို အကောင်းဆုံးအသုံးချခြင်း

ပျံ့နှံ့ရောက်ရှိမှု၊ ထိတွေ့မှု၊ အသားတင် စောင့်ကြည့်သူပေါင်းနှင့် ၃-စက္ကန့်စာ ဗီဒီယို ကြည့်ရှုမှုများကဲ့သို့ အဓိကမက်ထရစ်များအပါအဝင် သင့်စာမျက်နှာ၏ အကျဉ်းချုပ် သို့မဟုတ် လုပ်ငန်းသုံးပရိုဖိုင်၏ စွမ်းဆောင်ရည်ကို ကြည့်ရှုပါ။

grayscale line drawing of a line graph showing growth

ကိရိယာများနှင့် လမ်းညွှန်မှုကို ကြည့်ရှုအသုံးပြုခြင်း

သင့်သက်ဝင်ခံစားမှုကို စီမံရန် ကိရိယာအမျိုးမျိုးအပြင် သင့်အကြောင်းအရာနှင့် အတွေ့အကြုံကို အကောင်းဆုံးအသုံးချရန် ထပ်ဆောင်း အသိပညာပေး ရင်းမြစ်များကို အသုံးပြုပါ။

ဖန်တီးသူ ဒက်ရှ်ဘုတ်တွင် ရရှိနိုင်သော ကိရိယာများ

သင်၏ ဖန်တီးသူ အတွေ့အကြုံကို အကောင်းဆုံးအသုံးချရန် ရရှိနိုင်သော ကိရိယာများကို ကြည့်ရှုပါ။

အသေးစိတ်အစီရင်ခံစာများ

အကြောင်းအရာအဆင့် အသေးစိတ်အစီရင်ခံစာများအပြင် သင့်စာမျက်နှာ သို့မဟုတ် လုပ်ငန်းသုံးပရိုဖိုင်၏ စွမ်းဆောင်ရည် ခြုံငုံသုံးသပ်ချက်အပြည့်အစုံကိုလည်း လွန်ခဲ့သောရက် ၉၀ အထိ ကြည့်ရှုနိုင်ပါသည်။

မှတ်ချက်မန်နေဂျာ

မှတ်ချက်အားလုံးကို ကြည့်ပါ သို့မဟုတ် သီးသန့်မှတ်ချက်များကို ရှာဖွေပါ။ နှစ်သက်ရန်၊ ဖျောက်ရန်၊ အကြောင်းပြန်ရန် သို့မဟုတ် တိုင်ကြားရန်အတွက် မှတ်ချက်များကို ရွေးပါ။

ဖန်တီးသူအား အသိပညာပေးခြင်းနှင့် ပံ့ပိုးကူညီမှု

ဖန်တီးသူ ဒက်ရှ်ဘုတ်အတွင်းရှိ ကျွန်ုပ်တို့၏ အသိပညာပေးစင်တာ၌ Facebook တွင် ဖန်တီးသူတစ်ဦးအဖြစ် ကြီးထွားတိုးတက်အောင် ပြုလုပ်ပုံကို လေ့လာပါ။ ပြဿနာအဖြေရှာရာတွင် အကူအညီလိုအပ်ပါက ကျွန်ုပ်တို့၏ ပံ့ပိုးကူညီမှုစင်တာသို့ အလွယ်တကူ သွားရောက်ပါ။

သင်၏ ဖန်တီးသူခရီးကို နောက်တစ်ဆင့် တက်လှမ်းရန်

ဖန်တီးသူ ဒက်ရှ်ဘုတ်သည် သင်၏ ဖန်တီးသူရည်မှန်းချက်များကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုရာတွင်လည်းကောင်း၊ ၎င်းရည်မှန်းချက်များသို့ ရောက်ရှိအောင် ဆောင်ရွက်ရာတွင်လည်းကောင်း သင့်အား ကူညီပေးသည့် လုပ်ဆောင်ချက်များကိုလည်း ပံ့ပိုးပေးပါသည်။