သင်တန်းများ

Facebook ပေါ်တွင် ဖန်တီးသူတစ်ဦးအဖြစ် အစပြုရန်

Facebook က ကြိုဆိုပါသည်။ ကျွန်ုပ်တို့၏ အရည်အချင်းရှိသော ဖန်တီးသူအသိုင်းအဝိုင်းတွင် သင် ပါဝင်သည့်အတွက် ကျွန်ုပ်တို့ စိတ်လှုပ်ရှားမိပါသည်။

ဤသည်မှာ သင်က Facebook တွင် အစပြုရာ၌လည်းကောင်း၊ ကြီးထွားရာ၌လည်းကောင်း သင့်အား အကူအညီပေးမည့် လမ်းညွှန်ချက်အချို့ဖြစ်သဖြင့် သင် အကောင်းဆုံးလုပ်ဆောင်သော အရာများဖြစ်သည့် အကြောင်းအရာဖန်တီးခြင်းနှင့် သင့်ပရိသတ်များနှင့် ချိတ်ဆက်ခြင်းတို့ကို သင် ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။


ထို့အပြင် သတင်းကောင်းအချို့ရှိပါသည် -


သင်သည် Facebook တွင် လူသစ်ဖြစ်ပါက Instagram၊ TikTok သို့မဟုတ် YouTube တွင် စောင့်ကြည့်သူ ၁၀၀,၀၀၀ ကျော်ရရှိထားပါက တစ်လလျှင် ဒေါ်လာ ၁,၀၀၀ ရရှိရန် အခွင့်အရေးရှိမည်ဖြစ်ပြီး စောင့်ကြည့်သူ ၁ သန်းကျော်ရရှိပါက ဒေါ်လာ ၃,၀၀၀ ရရှိရန် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။


ယခုပင် လျှောက်ရန်

Facebook ပေါ်တွင် သင်၏ တည်ရှိမှုကို တည်ဆောက်ဖို့ အဆင်သင့်ဖြစ်ပြီလား။ အစပြုဖို့ရာ ဤအဆင့်များအတိုင်း လုပ်ဆောင်သွားပါ

အစပြုရန်


သင့်ပရိုဖိုင်ကို စတင်ထည့်သွင်းရန် — စာမျက်နှာတစ်ခုဖန်တီးပါ သို့မဟုတ် လုပ်ငန်းသုံးပုံစံကို ဖွင့်ပါ။ ဓာတ်ပုံတစ်ပုံ၊ ကိုယ်ရေးအကျဉ်းတစ်ခု ထည့်သွင်းပြီး သင့်အသုံးပြုသူအမည်ကို စိတ်ကြိုက်ပြင်ဆင်ပါ

အကြောင်းအရာများ စတင်မျှဝေရန် — Reels များကို တစ်သမတ်တည်းတင်၍ အခြားသော ပလက်ဖောင်းများမှ ရှိနှင့်နေပြီးသော အကြောင်းအရာများကို အကျိုးရှိအောင် အသုံးချကာ ရေစာများကို ဖယ်ရှားပါ

ဝင်ငွေစတင်ရရှိရန် — သင်၏ ငွေရှာခြင်းအတွက် သတ်မှတ်ချက်ပြည့်မီမှုကို စစ်ဆေးပြီးနောက် သတ်မှတ်ချက်ပြည့်မီပါက ဖန်တီးသူ အမြန်လမ်းကြောင်း၊ Facebook အကြောင်းအရာဖြင့် ငွေရှာခြင်းတွင် စာရင်းသွင်းကာ မိတ်ဖက်အခွင့်အလမ်းများကို စူးစမ်းလေ့လာလိုက်ပါ

သင့်အသိုင်းအဝိုင်းကို ခိုင်မာစေရန် — မှတ်ချက်များကို စာပြန်၍ Reels များကို ရောသမမွှေခြင်းနှင့် သင်၏ အားသန်ရာနယ်ပယ်ရှိ Facebook အဖွဲ့များတွင် ပါဝင်ပါ

သင်၏ အရင်းအမြစ်များကို စူးစမ်းဖွေရှာရန် — လုပ်ငန်းသုံး ဒက်ရှ်ဘုတ်တွင် သင်၏စွမ်းဆောင်ရည်ကို ခြေရာခံ၍ အကြံပြုချက်များအတွက် Facebook for Creators ကို စောင့်ကြည့်ထားပါ

ဘေးကင်းလုံခြုံစွာ နေထိုင်ရန် — နှစ်ဆင့်ခံ လုံခြုံရေးစနစ်ကို ဖွင့်၍ လူမှုစံနှုန်းများကို စိစစ်သုံးသပ်ကာ အကြောင်းအရာ ကာကွယ်ရေးစနစ်တွင် စာရင်းသွင်းပါ

သင့် Facebook ပရိုဖိုင်ကို စတင်ထည့်သွင်းရန်

Facebook အကောင့်တစ်ခု ဖန်တီးရန်


သင့်တွင် Facebook အကောင့်တစ်ခုမရှိသေးပါက အကောင့်တစ်ခုဖန်တီး၍ စတင်လိုက်ပါ။ ဤသည်မှာ ဖန်တီးသူတစ်ဦးအဖြစ် သင်၏ တည်ရှိမှုကို စတင်တည်ထောင်ဖို့ရာ ပထမအဆင့်ဖြစ်ပါသည်။


ဖန်တီးသူတစ်ဦးအဖြစ် သင့်အား မည်သို့ပုံဖော်လိုသည်ကို ရွေးရန်


သင့်ထံတွင် Facebook အကောင့်တစ်ခုရှိသည်နှင့် Facebook စာမျက်နှာတစ်ခုဖန်တီးခြင်း သို့မဟုတ် သင့်ပရိုဖိုင်တွင် လုပ်ငန်းသုံးကို ဖွင့်ခြင်းနှစ်ရပ်ကြား တစ်ခုခုကို ဆုံးဖြတ်ရန် လိုအပ်ပါသည် -


Facebook စာမျက်နှာ - Facebook စာမျက်နှာသည် စာမျက်နှာစီမံမှုကို ပံ့ပိုးပေးဖို့ရာ စီမံသူနှင့် စိစစ်သူတာဝန်ခွဲဝေမှုများကို သတ်မှတ်ရန် သင့်အား ခွင့်ပြုထားသလို စီမံသူများစွာအတွက် အသုံးပြုခွင့်၊ ကြော်ငြာမန်နေဂျာအပြည့်အစုံ၊ ကုန်သွယ်မန်နေဂျာနှင့် စာမျက်နှာ API တို့ကဲ့သို့ အဆင့်မြင့်ကိရိယာ အသုံးပြုခွင့်ကို သင့်အား ပေးအပ်ထားသဖြင့် နာမည်ရနှင့်ပြီးသော ဖန်တီးသူများအနေဖြင့် Facebook စာမျက်နှာတစ်ခု ဖန်တီးရန် ကျွန်ုပ်တို့ အကြံပြုပါသည်။ ဤသည်မှာ သင့်ကိုယ်ပိုင် Facebook ပရိုဖိုင်နှင့် သီးခြားကွဲပြားနေမည်ဖြစ်သည်။ Facebook စာမျက်နှာတစ်ခုဖန်တီးပုံကို ကြည့်ပါ။


လုပ်ငန်းသုံးပုံစံ - သင့်ကိုယ်ပိုင်ချိတ်ဆက်မှုများကို ဆက်လက်ထိန်းသိမ်းထား၍ အများသိရှိမှုကို တည်ဆောက်ဖို့ရာ သင့်ကိုယ်ပိုင် Facebook ပရိုဖိုင်ကို အသုံးပြုလိုပါက ဤအရာမှာ စံပြုဖွယ်ရာဖြစ်ပါသည်။ လုပ်ငန်းသုံးပုံစံကို ဖွင့်ပုံကို ကြည့်ပါ။ လုပ်ငန်းသုံးပရိုဖိုင်များသည် အချို့သော ကိရိယာများ သို့မဟုတ် အစီအစဉ်များအတွက် သတ်မှတ်ချက်မပြည့်မီကြောင်း မှတ်သားပေးပါ။

နောက်ထပ်အချက်အလက်များအတွက် လုပ်ငန်းသုံးလား စာမျက်နှာတစ်ခုလားကို ကြည့်ပါ။


သင့်ပရိုဖိုင် သို့မဟုတ် စာမျက်နှာကို ပြည့်စုံအောင်လုပ်ရန်


သင်သည် Facebook စာမျက်နှာတစ်ခုကို ဖန်တီးထားပါက သင့် Facebook URL ကို သတ်မှတ်ရန် ကွန်ပျူတာပေါ်တွင် သင့်အသုံးပြုသူအမည်ကို​ ရွေးပါ။ လူမှုကွန်ရက်ပလက်ဖောင်းများတလျှောက် တစ်သမတ်တည်းဖြစ်သော အသုံးပြုသူအမည်ကို အသုံးပြုခြင်းဖြင့် Facebook တွင် သင့်ပရိသတ်က သင့်ကို ရှာတွေ့ရန် ကူညီပေးပါမည်။


လုပ်ငန်းသုံးစနစ်ကို ရွေးချယ်ထားပါက သင့်အသုံးပြုသူအမည်ကို အကောင့်စင်တာတွင် ပြောင်းနိုင်ပါသည်။


မီဒီယာလက်တံရှည်လျားသော မှတ်တမ်းရှိထားသည့် နာမည်ကျော်ဖန်တီးသူများသည် ထင်ပေါ်ကျော်ကြားသော အများသိပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုသည့် အပြာရောင်အမှန်ခြစ်အမှတ်အသားအတွက် လျှောက်ထားနိုင်ပါသည်။ အခြားနည်းအားဖြင့်သော် သင်သည် Meta မှ အတည်ပြုပြီးတွင် စာရင်းပေးသွင်းနိုင်ပါသည်။


သင့် Instagram၊ Tiktok နှင့် YouTube ပရိုဖိုင်များကို သင့် Facebook ပရိုဖိုင် သို့မဟုတ် စာမျက်နှာနှင့် ချိတ်ဆက်ခြင်းဖြင့် ယုံကြည်လက်ခံမှုကို တည်ဆောက်ပါ။ ဤပလက်ဖောင်းများမှ သင့်ကို စောင့်ကြည့်သူအရေအတွက်ကို ပြသရန်လည်း ရွေးချယ်နိုင်ပါသည်။ ပိုမိုလေ့လာရန် ဤ ဗီဒီယိုကို ကြည့်ရှုပါ။

သင့်ပရိသတ်ပွားများလာစေဖို့ရာ အကြောင်းအရာများ စတင်မျှဝေရန်

သင့်အကြောင်းအရာ ဖန်တီးစီမံခန့်ခွဲမှုကို ဖော်ဆောင်ရန်


သင့်ကိုယ်သင် ထုတ်ဖော်ပြသခြင်း၊ ပရိသတ်အသစ်များနှင့် ချိတ်ဆက်ခြင်းနှင့် သင့်ကိုယ်ပိုင်ဟန်ဖြင့် ဝင်ငွေရှာခြင်းတို့တွင် သင့်အား အထောက်အကူဖြစ်စေရန် Reels ဗီဒီယိုများ၊ ဓာတ်ပုံများနှင့် စာသားပို့စ်များအပါအဝင် မတူညီသော အကြောင်းအရာပုံစံများကို Facebook က ပံ့ပိုးပေးပါသည်။


Reels များမှာ Facebook တွင် ပရိသတ်အသစ်များ မြင်တွေ့စေရန် အထိရောက်ဆုံး နည်းလမ်းများအနက်မှ တစ်ခုဖြစ်သည်။ ရက်သတ္တပတ်တစ်ခုအတွင်း Reels ဗီဒီယိုအနည်းငယ်တင်ပြီးစတင်ကာ သင်၏ ပို့စ်တင်သည့်စည်းချက်မှန်အောင် တည်ဆောက်နေချိန်၌ သင်၏ပျံ့နှံ့ရောက်ရှိမှုကို အမြင့်ဆုံးရရှိစေရန် တစ်နေ့လျှင် ၂-၃ ကြိမ်အထိ ရည်မှန်းချက်ထားပါ။


သင့်ပရိသတ်နှင့် အဟပ်ညီသည့်အရာကို ရှာဖွေရန် သတ်မှတ်ပုံစံနှင့် ပို့စ်တင်သည့်အချိန်များအားလုံးကို စမ်းသပ်လေ့လာပါ။ သတ်မှတ်ပုံစံတစ်ခုချင်းစီသည် မတူညီသောနည်းလမ်းများဖြင့် သင့်အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ရာတွင် အကူအညီပေးပါသည်။


ပိုမိုလေ့လာရန် ဤလမ်းညွှန်ကို ကြည့်ရှုပါ။


ရှိရင်းစွဲအကြောင်းအရာကို အပ်လုဒ်လုပ်ရန်


သင့်အား အရှိန်အဟုန်ရအောင် ကူညီပေးရန် အခြားပလက်ဖောင်းများမှ သင်၏ရှိရင်းစွဲအကြောင်းအရာကို အကျိုးရှိအောင်အသုံးချပါ။ သင့်အကြောင်းအရာ၏ စွမ်းဆောင်ရည်ကို အကောင်းဆုံး အသုံးချရန်အတွက် မည်သည့်ရေစာကိုမဆို သေချာစွာ ဖယ်ရှားပါ။ သင့်အကြောင်းအရာကို ကြိုတင်၍ စီစဉ်ရန်နှင့် ဖြန့်ချိရန်အတွက် Facebook ၏ အချိန်ဇယားဆွဲသည့် ကိရိယာများကိုလည်း သင်အသုံးပြုနိုင်ပါသည်။


လွယ်ကူသော နှိပ်ချက်အနည်းငယ်ဖြင့် သင့်မှတ်တမ်းခန်းမှ Instagram Reels ပေါင်း ၁၀၀ အထိကို Facebook သို့ မျှဝေလိုက်ပါ။ ဤသို့ပြုလုပ်ရန်ဖြစ်သည်။


သင့်ဖန်တီးနိုင်စွမ်းအတွက် ဝင်ငွေရယူခြင်း

သင် နှစ်ခြိုက်သောအရာကို လုပ်နေစဉ်တွင် ဝင်ငွေရှာရန် နည်းလမ်းများစွာ ရှိနေပါသည်။

၂၀၂၅ ခုနှစ်တွင် Facebook သည် "Facebook အကြောင်းအရာဖြင့် ငွေရှာခြင်း" တစ်ခုတည်းမှတစ်ဆင့် အကြောင်းအရာဖန်တီးသူများအား ဒေါ်လာ ၃ ဘီလီယံနီးပါး ငွေပေးချေခဲ့ပါသည်။


ကျွန်ုပ်တို့၏ ငွေရှာခြင်းဆိုင်ရာ အခွင့်အလမ်းများကို စူးစမ်းလေ့လာရန်


Facebook အကြောင်းအရာဖြင့် ငွေရှာခြင်း ကို သင့်အသိုင်းအဝိုင်းက နှစ်ခြိုက်သည့် ထိတွေ့မှုရှိသော အကြောင်းအရာများအတွက် သင့်အား ဆုကြေးပေးရန် တီထွင်ဖန်တီးထားပြီး သင့်အကြောင်းအရာ၏ စွမ်းဆောင်ရည်အပေါ်မူတည်၍ Reels ဗီဒီယိုများ၊ ဓာတ်ပုံများနှင့် စာသားပို့စ်များတင်ခြင်းအတွက် ၎င်းက သင့်အား ငွေပေးချေပါသည်။ သင့်ကြည့်ရှုမှုများနှင့် ကြည့်ရှုချိန်ကို ကြီးထွားအောင်လုပ်ပုံကို လေ့လာရန် သင့်မက်ထရစ်များကိုလည်း ခြေရာခံနိုင်ပါသည်။ သင့်အကြောင်းအရာကို လူပိုကြည့်လေ၊ သင်ဝင်ငွေပိုရလေဖြစ်သည်။ သတ်မှတ်ချက်ပြည့်မီမှုဆိုင်ရာ လိုအပ်ချက်များအကြောင်းကို ဤနေရာတွင် ပိုမိုလေ့လာပါ။


Facebook မိတ်ဖက်အခွင့်အလမ်းများသည် အမှတ်တံဆိပ်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်းအကောင်း၊ ကုန်ပစ္စည်းများကို သင့်အသိုင်းအဝိုင်းနှင့် မျှဝေရာတွင်လည်းကောင်း၊ သင့်အကြံပြုချက်များကြောင့် ဝယ်ယူမှုတစ်ခုကို ဖြစ်မြောက်စေသည့်အခါ ဝင်ငွေပိုမိုရရှိရာတွင်လည်းကောင်း သင့်အတွက် ပိုမိုလွယ်ကူစေပါသည်။ မိတ်ဖက်များထံမှ ဝင်ငွေစတင်ရရှိရန် လုပ်ဆောင်ပုံကို ဤနေရာတွင် လေ့လာပါ။


ပရိသတ် စာရင်းပေးသွင်းမှုများနှင့် ကြယ်ပွင့်များမှတစ်ဆင့် လစဉ်ဆက်တိုက်ဝင်ငွေကိုလည်း သင် လက်ခံရရှိနိုင်ပါသည်။


သင့်အသိုင်းအဝိုင်းကို ခိုင်မာအောင်လုပ်ရန်

သင့်ပရိသတ်များနှင့် ထိတွေ့မှုရှိပါစေ


မှတ်ချက်များအား စာပြန်ခြင်းနှင့် နှစ်သက်မှုပေးခြင်းအားဖြင့် သင့်ပရိသတ်ကို တန်ဖိုးထားကြောင်း သူတို့ခံစားမိပါစေ။ ထိတွေ့မှုရှိသော စောင့်ကြည့်သူများသည် သင့်အကြောင်းအရာကို ပြန်လည်မျှဝေရန်နှင့် သင့်အကြောင်းအရာကို အခြားသူများထံ အကြံပြုပေးရန် ဖြစ်နိုင်ခြေပိုများပါသည်။ သင်သည် ပို့စ်များထံသို့ တိုက်ရိုက်သွား၍ဖြစ်စေ၊ လုပ်ငန်းသုံးဒက်ရှ်ဘုတ်ထဲရှိမှတ်ချက်မန်နေဂျာ ကိရိယာကို အသုံးပြု၍ဖြစ်စေ ထိတွေ့နိုင်ပါသည်။


Facebook တွင် ပရိသတ်အသစ်များ ရှာရန်


ရေပန်းစားနေသော ခေါင်းစဉ်များနှင့် အကြောင်းအရာများအပေါ် သင့်ကိုယ်ပိုင်ဟန်ကို ထင်ဟပ်စေရန် အခြားဖန်တီးသူများနှင့် ပူးပေါင်းဆောင်ရွက်၍ Reels များကို ရောသမမွှေပါ


Facebook ရှာဖွေရန်အကွက်ထဲတွင် သင်၏ အားသန်ရာနယ်ပယ် သို့မဟုတ် စိတ်ဝင်စားမှုများနှင့်ဆက်စပ်သောFacebook အဖွဲ့များကိုလည်း ရှာဖွေနိုင်ပါသည်။ သင်နှင့် စိတ်ဝင်စားမှုချင်း တူညီပြီးဖြစ်သည့် ကျယ်ပြန့်သောပရိသတ်များနှင့် ချိတ်ဆက်ရန် အဖွဲ့အတွင်းဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခြင်း၊ သင့်အကြောင်းအရာကို မျှဝေခြင်းအပြင် အသိုင်းအဝိုင်းအတွင်းရှိ အဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှု တည်ဆောက်ခြင်းများကို ဆောင်ရွက်ပါ။

သင်၏ ဖန်တီးသူ ခရီးကို ပံ့ပိုးကူညီပေးမည့် အရင်းအမြစ်များကို စူးစမ်းဖွေရှာရန်

သင့်ကိုယ်သင် လုပ်ငန်းသုံး ဒက်ရှ်ဘုတ်နှင့် အကျွမ်းဝင်အောင်လုပ်ရန်


လုပ်ငန်းသုံး ဒက်ရှ်ဘုတ်သည် ဖန်တီးသူများအတွက် ကိရိယာများနှင့် အရင်းအမြစ်များအတွက် တစ်နေရာတည်းတွင် အကုန်ရရှိနိုင်သောနေရာဖြစ်သည်။ လုပ်ငန်းသုံး ဒက်ရှ်ဘုတ်သည် သင့်အကြောင်းအရာ၏ စွမ်းဆောင်ပုံ၊ ငွေရှာခြင်းဆိုင်ရာ သတ်မှတ်ချက်ပြည့်မီမှုနှင့် ဝင်ငွေနှင့်ပတ်သက်၍ နားလည်သဘောပေါက်စေဖို့ရာ ပျံ့နှံ့ရောက်ရှိမှု၊ ထိတွေ့မှုနှင့် ဗီဒီယိုကြည့်ရှုမှုအကြိမ်များကဲ့သို့သော မက်ထရစ်များကို ခြေရာခံရာတွင် သင့်အား ကူညီပေးပြီး သင့်အကြောင်းအရာအား အကောင်းဆုံးအသုံးချပုံကို လမ်းညွှန်ပေးပါသည်။


Facebook for Creators ဝက်ဘ်ဆိုက်တွင် စူးစမ်းဖွေရှာလိုက်ပါ


ဖန်တီးသူများအတွက် Facebook ဝက်ဘ်ဆိုက်သည် Facebook တွင် အောင်မြင်နည်းနှင့် ရရှိနိုင်သော ကိရိယာများကို အကျိုးအရှိဆုံးဖြစ်အောင် အသုံးချနည်းအတွက် လမ်းညွှန်ပေးပါသည်။


"Facebook တွင် ဖန်တီးသူများ" အတွက် Facebook ကို ​စောင့်ကြည့်ရန်


ဖန်တီးသူများအတွက် Facebookကို စောင့်ကြည့်ခြင်းအားဖြင့် လုပ်ဆောင်ချက်အသစ်များနှင့် သင်၏ Facebook ဖန်တီးသူ အသုံးပြုမှုပုံစံကို အကျိုးအရှိဆုံးဖြစ်အောင် အသုံးချနည်းတို့နှင့်ပတ်သက်၍ နောက်ဆုံးပေါ်အကြံပြုချက်များကို အချိန်နှင့်တစ်ပြေးညီ ရယူလိုက်ပါ။

ဘေးကင်းလုံခြုံစွာ နေထိုင်ရန်

သင့်ကိုယ်သင်နှင့် သင့်အကောင့်ကို ကာကွယ်ရန်


သင့်အကောင့်၏ ဘေးကင်းလုံခြုံရေးကို မြှင့်တင်ရန်နှင့် သင့်ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် နှစ်ဆင့်ခံလုံခြုံရေးစနစ် ကို ဖွင့်ပါ။


သင့်အကောင့်ကို ကောင်းမွန်သည့်အနေအထားတွင်ထားရှိရန် ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို စိစစ်သုံးသပ်ပြီး ဤလမ်းညွှန်ချက်များကို လိုက်နာပါ။ သင့်အကြောင်းအရာသည် အခြားသူများအား အကြံပြုနိုင်သော အကြောင်းအရာဖြစ်ကြောင်း သေချာစေရန် သင့်ပရိုဖိုင်၏ အကြံပြုချက်အခြေအနေကို လုပ်ငန်းသုံးဒက်ရှ်ဘုတ်ထဲရှိ ကိရိယာများကဏ္ဍတွင် စစ်ဆေးနိုင်ပါသည်။ သင် ထိုနေရာတွင်ရှိနေစဉ် အချို့သောမှတ်ချက်အမျိုးအစားများကို အလိုအလျောက်ဖျောက်ထားရန်စိစစ်ရေးလက်ထောက်ကို ဖွင့်ပါ။


သင့်အကြောင်းအရာကို ကာကွယ်ပါ


သင်၏မူရင်း Reels ဗီဒီယိုများကို အလိုအလျောက်ကာကွယ်ရန်၊ Facebook သို့မဟုတ် Instagram တွင် အဆိုပါ Reels ဗီဒီယိုများနှင့် ကိုက်ညီမှုများကို တွေ့ရှိသည့်အခါ သတိပေးချက်များရယူရန်နှင့် သင့်လက်ရာကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုပါက အရေးယူဆောင်ရွက်ရာတွင် ကူညီပေးရန် အကြောင်းအရာ ကာကွယ်မှုကို လျှောက်ထားလိုက်ပါ။


စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား။ သင့် Facebook စာမျက်နှာကို စတင်ထည့်သွင်းပါ သို့မဟုတ် လုပ်ငန်းသုံးကို ဖွင့်လိုက်ပါ၊ ထို့နောက် Facebook ပေါ်တွင် တည်ဆောက်နေကာ ကြီးထွားလျက်ရှိသော ဝင်ငွေရှာနေသည့် ဖန်တီးသူ သန်းပေါင်းများစွာနှင့် ယနေ့ပင် ပူးပေါင်းလိုက်ပါ။


အစပြုရန်

Facebook ပေါ်တွင် သင်၏ အသုံးပြုမှုပုံစံကို အကောင်းဆုံးအသုံးချနိုင်ရန် နောက်ထပ်လမ်းကြောင်းများကို စူးစမ်းဖွေရှာလိုက်ပါ -

Facebook ပေါ်တွင် သင်၏ တည်ရှိမှုကို ဖန်တီးတည်ဆောက်ရန်

သင့်ပရိုဖိုင်အတွက် လုပ်ငန်းသုံးကို ဖွင့်ပါ သို့မဟုတ် စာမျက်နှာတစ်ခုကို စတင်ကာ သင့်ပရိသတ်ဘက်မှ ရေရှည်ကြည့်ရှုအားပေးမှုရရန် ပြုလုပ်ပါ။

ဖန်တီးခြင်းနှင့် ထိတွေ့ခြင်းကို စတင်ရန်

သင်၏ ပရိသတ်များကို စိတ်ကူးစိတ်သန်းများလှုံ့ဆော်သည့်၊ ပညာပေးသည့် သို့မဟုတ် ဖျော်ဖြေသည့် စစ်မှန်၍ မူပိုင်ဖြစ်သော အကြောင်းအရာကို ဖန်တီးပါ။

ကျွန်ုပ်တို့၏ ကိရိယာများနှင့် အရင်းအမြစ်များကို နားလည်ရန်

လုပ်ငန်းသုံး ဒက်ရှ်ဘုတ်သည် အသေးစိတ်အစီရင်ခံစာများ၊ အကြောင်းအရာ စီမံမှုနှင့် အရင်းအမြစ်များအတွက် တစ်နေရာတည်းတွင် အကုန်ရသည့် နေရာတစ်ခုဖြစ်သည်။

ဆက်ဖတ်ပါ

/
15

ကျွန်ုပ်တို့နှင့်အတူ ပါဝင်ရန်

စာရင်းပေးသွင်းခြင်းဖြင့် သီးသန့်ရရှိနိုင်သော အတွင်းသိ အကြံပြုချက်များ၊ ကျွမ်းကျင်သူများ၏ အကြံပြုချက်များနှင့် ဖန်တီးသူများဆိုင်ရာ နောက်ဆုံးရ သတင်းအချက်အလက်များကို ရယူလိုက်ပါ။

ကျွန်ုပ်တို့၏ ဖန်တီးသူရပ်ဝန်းက ကြိုဆိုပါသည်။

သင်၏ စိတ်ဝင်စားမှုအတွက် ကျေးဇူးတင်ပါသည်။ မကြာခင် ကျွန်ုပ်တို့ ပြန်လည်ဆက်သွယ်ပါမည်။