TOOLS

Facebook ပေါ်တွင် ဖန်တီးသူတစ်ဦးအဖြစ် အစပြုရန်

သင်သိရန်လိုအပ်သောအရာအားလုံးမှာ တစ်နေရာတည်းတွင်ရှိပါသည်။

Facebook သည် ကာလရှည်ကြာရပ်တည်သည့် စစ်မှန်သောအသိုင်းအဝိုင်းအတွက်ဖြစ်ပါသည်

ကမ္ဘာတစ်လွှားရှိ လူ ၃ ဘီလီယံကျော်သည် လူများ၊ သူတို့ဂရုတစိုက်ရှိသည့် အကြောင်းအရာများနှင့်ချိတ်ဆက်ရန် Facebook ကို လစဉ်လတိုင်း အသုံးပြုကြပါသည်။ သင်သည် အခုမှစတင်မည့်သူဖြစ်စေ၊ သင့်တွင်ရှိနှင့်ပြီးသား အသိုင်းအဝိုင်းကို ကြီးထွားအောင်လုပ်ရန်ပင်ဖြစ်စေ ထိုသို့သောပျံ့နှံ့ရောက်ရှိမှုမျိုးက ဖန်တီးသူများအတွက် ကမ္ဘာ့စင်မြင့်တစ်နေရာကို ပေးအပ်ထားပါသည်။

သို့သော် Facebook အား ကွဲပြားစေသည့်အချက်မှာ ကိန်းဂဏန်းများမဟုတ်ဘဲ လူများဖြစ်ကြပါသည်။ ဤနေရာရှိ စကားဝိုင်းများမှာ အပြန်အလှန်စကားဝိုင်းများဖြစ်ကြသည်။ သင့်အသိုင်းအဝိုင်းသည် သင့်အား စောင့်ကြည့်ရုံသာမက သင့်လက်ရာကို အားပေးခြင်း၊ မျှဝေခြင်းနှင့် သင်ဆက်လက်လျှောက်လှမ်းနိုင်ရန် ကူညီပေးခြင်းတို့ ပြုလုပ်ကြပါသည်။ Facebook တွင် တစ်ကိုယ်တည်းတည်ဆောက်၍မရပါ။ သင်ပြုလုပ်သည့်အရာကို ဂရုတစိုက်ရှိကြသူများ၏ ပံ့ပိုးကူညီမှုဖြင့် အဓိပ္ပာယ်ရှိသောအရာတစ်ခုခုကို ဖန်တီးခြင်းဖြစ်ပါသည်။

သင့်ဘက်က ကြီးထွားရန် အသင့်ဖြစ်သည့်အခါ Facebook က သင့်အား ကြီးထွားစေမည့်ကိရိယာများကို ပေးအပ်ပါသည်။ အသိုင်းအဝိုင်းတည်ဆောက်ခြင်းမှအစ အကြောင်းအရာဖန်တီး၍ အသက်မွေးမှုအဆုံး ဖန်တီးသူများတွင် သူတို့၏ စိတ်အားထက်သန်မှုကို ဝင်ငွေအဖြစ်ပြောင်းမည့် စစ်မှန်သောအခွင့်အရေးများ ရှိကြပါသည်။ တကယ်တမ်းအားဖြင့် Facebook သည် လွန်ခဲ့သောနှစ်က ဖန်တီးသူများအား ဒေါ်လာ ၂ ဘီလီယံကျော် ငွေပေးချေခဲ့ကာ ကျွန်ုပ်တို့ ဤမျှဖြင့်ပင် ရပ်တန့်မည်မဟုတ်ပေ။

အစပြုရန်အတွက် အောက်ပါအရင်းအမြစ်များကို အသုံးပြုလိုက်ပါ -

ဘာအသစ်ထွက်လဲ

ပလက်ဖောင်းကို အကောင်းဆုံးအသုံးချနိုင်ရန်အတွက် နောက်ဆုံးထွက်ထုတ်ကုန်သတင်းများနှင့် အကြောင်းအရာသစ်များကို ရယူလိုက်ပါ။

ဖန်တီးရာ

ပို့စ်စတင်၍ သင်နှင့် သင့်ပရိသတ်အတွက် အလုပ်ဖြစ်သည့် အကြောင်းအရာ ဖန်တီးစီမံခန့်ခွဲမှုတစ်ခု ပြုလုပ်ပါ။

ကြီးထွားရေး

သင်၏ စောင့်ကြည့်သူများအား ကြီးထွားအောင်လုပ်၍ အသိုင်းအဝိုင်းတည်ဆောက်ရန်အတွက် မဟာဗျူဟာများကို လေ့လာလိုက်ပါ။

ဝင်ငွေရှာရန်

Facebook တွင် သင့်အကြောင်းအရာဖြင့် ငွေရှာပုံကို နားလည်အောင်လုပ်ပါ။

ဘေးကင်းလုံခြုံစွာ နေထိုင်ရန်

သင့်အသိုင်းအဝိုင်းအတွက် အန္တရာယ်ကင်းရှင်း၍ ပံ့ပိုးကူညီမှုပေးသော နေရာတစ်ခုကို ဖန်တီးပါ။

အကူအညီ ရယူရန်

ပံ့ပိုးကူညီမှု ရယူရန်နှင့် သင့်မေးခွန်းများအတွက် အဖြေရှာရန်နေရာကို သိအောင်လုပ်ပါ။

TOOLS

Facebook နှင့် Instagram ပေါ်တွင် "Facebook for Creators" ကို စောင့်ကြည့်ရန်



Facebook တွင် နောက်ဆုံးပေါ်အကြံပြုချက်များ၊ လုပ်ဆောင်ချက်များနှင့် ဖန်တီးသူများအတွက် အကောင်းဆုံး လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ နောက်ဆုံးရအချက်အလက်များကို သိရှိလိုပါသလား။ ဤဝက်ဘ်ဆိုက်ကို စာညှပ်ထား၍ Facebook နှင့် Instagram တွင် Facebook for Creators ကို စောင့်ကြည့်ထားပါ။

Facebook တွင် သင့်အား အောင်မြင်စေရာတွင်လည်းကောင်း၊ သင်၏ ဖန်တီးသူခရီးလမ်းကို တစ်ဆင့်တက်လှမ်းရာတွင်လည်းကောင်း ကူညီပေးရန် ရည်ရွယ်ဖန်တီးထားသည့် ကြွယ်ဝသောအရင်းအမြစ်များ၊ လမ်းညွှန်ချက်များနှင့် လက်တွေ့သင်ခန်းစာများကို ချန်နယ်နှစ်ခုစလုံးမှတစ်ဆင့် အသုံးပြုခွင့်ရမည်ဖြစ်သည်။


အထက်ပါပုံမှာ ဖန်တီးသူများဖြစ်သည် (ထိပ်ဆုံးတန်းမှ၊ ဘယ်မှညာသို့) Tropiical PunchSydney MorganDrex LeeCoolirpaTuckerComedyGroovyFoodiessOliver TwixtRylee JenkinsAustin SprinzGarden MarcusNaomi KongKeto SnackzChef DariusLilly SkjoldahlKatherine Salom။ စာမျက်နှာ၏အောက်ပိုင်း - Content Machine